
အတက်ပေါက်နေတဲ့ ကြက်သွန်တို့ အာလူးတို့ကို စားသင့်လား

- နဇာနင်း မိုတာမက်ဒီ ဘီဘီစီ ပါရှားဘာသာ
- ရာထူးတာဝန်,
- ၈ ဇွန် ၂၀၂၅
မီးဖိုထဲမှာ ညစာချက်ဖို့ ပြင်ဆင်ကြရင် အာလူးက အညှောင့်ပေါက်နေတာမျိုးကို တွေ့ဖူးကြမှာပါ။ သူတို့က စားလို့ စိတ်ချရမလား။ အမှိုက်ပုံးထဲ ပစ်လိုက်ရမလား။
အာလူး၊ ကြက်သွန်နီ၊ ကြက်သွန်ဖြူတို့ဟာ အပင်သစ်ပေါက်ဖို့ အချိန်တန်ရင် အတက်တွေ၊ အညှောင့်တွေထွက်လာတတ်ပါတယ်။ အဲဒီအချိန် စားသင့် မစားသင့် ဆိုတဲ့ အတွေး ပေါ်တတ်ပါတယ်။ သူတို့က ဘေးကင်းပါရဲ့လား။
အာလူး အညှောင့်ထွက်ချိန်မှာ ဘာတွေဖြစ်နေပါလဲ

အာလူးက အညှောင့်ပေါက်လာတာဟာ အာလူးပင် အသစ်တခု ဖြစ်လာတော့မယ် ဆိုတဲ့ ပုံမှန် သဘာဝ လက္ခဏာကို ပြတာပါ။
အဲဒီဖြစ်စဥ်အတွင်း အာလူးကနေ ဂလိုင်ကို အယ်ကာလွိုက် (glycoalkaloids) လို့ ခေါ်တဲ့ သဘာဝ အဆိပ်တွေကို ထုတ်လုပ်ပါတယ်၊ သူတို့က အပင်ပေါက်လေးကို မှိုတွေ၊ အင်းဆက်တွေ ရန်ကနေ ကာကွယ်ဖို့ အတွက်ပါ။ အဲဒီ ဒြပ်တွေထဲက ဆိုလနင်း (solanine) ဆိုတဲ့ အဆိပ်ဓာတ် တမျိုးကို အာလူး၊ ခရမ်းချဥ်သီး၊ ဂေါ့ဂျက် ခရမ်းသီး (courgettes – eggplants)၊ ပန်းငရုတ်သီး (peppers) တို့ အပါအဝင် လူတွေ စားကြတဲ့ အသီး အများအပြားမှာ တွေ့ရပါတယ်။
သူတို့ကို ရိတ်သိမ်းခူးဆွတ်ပြီး လှောင်ထားရင် သဘာဝ အဆိပ်ဓာတ်ရဲ့ ပါဝင်မှုက ပိုတိုးလာတတ်ပြီး ဒါက လူသားတွေ အတွက်ဖြစ်စေ၊ တိရိစ္ဆာန်တွေအတွက်ဖြစ်စေ အန္တရာယ် ရှိတတ်ပါတယ်။
Leave a Reply