2 BTS members complete military service

BTS အဖွဲ့ဝင် ၂ ဦး စစ်မှုထမ်း ပြီးဆုံး

တောင်ကိုရီးယားအမျိုးသားအဆိုရှင်အဖွဲ့(BTS)အဖွဲ့ဝင်တွေထဲက ၂ ဦးဟာ ဒီနေ့မှာ စစ်မှုထမ်းပြီးဆုံးပြီဖြစ်လို့ ဖျော်ဖြေရေးတွေ ပြန်လုပ်ကြတော့မလားဆိုတဲ့ ခန့်မှန်းချက်တွေလည်း ထွက်ပေါ် လာပါတယ်။

အာအမ်နဲ့ ဗီတို့ဟာ ၁၈ လကြာ မထမ်းမနေရ စစ်မှုထမ်းကြောင့် စစ်ထဲ ဝင်ခဲ့ကြရတာဖြစ်ပါတယ်။

သူတို့ နှစ်ယောက် ဒီနေ့ စစ်မှုထမ်းအပြီး စခန်းကနေ ပြန်အထွက်မှာ အာရမ်က ဆက်ဆိုဖုန်းမှုတ်ပြီး ဖျော်ဖြေခဲ့သလို ရာနဲ့ချီတဲ့ပရိသတ်တွေကလည်း ကြိုဆို နှုတ်ဆက်ခဲ့ကြပါတယ်။

BTS အဖွဲ့ဟာ စစ်မှုထမ်းကြောင့် အနုပညာလုပ်ငန်းတွေ ဆိုင်းထားခဲ့ကြတာ ၂၀၂၂ ခုနှစ် ကတည်းက ဖြစ်ပါတယ်။

အခုတော့ BTS အဖွဲ့ဝင် ၇ ဦးစလုံးဟာ စစ်မှုထမ်းပြီးဆုံးတော့မှာဖြစ်ပြီး သူတို့ထဲက အဖွဲ့ဝင် တစ်ဦးကတော့ အခုလကုန်မှာ စစ်မှုထမ်းကာလပြီးဆုံးမှာဖြစ်ပါတယ်။

Be the first to comment

Leave a Reply

Your email address will not be published.


*